Saturday, October 20, 2012

Core i3,Core i5,Core i7 ကွာခြားချက်များ

Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလောက်နဲ့ မှတ်ထားလိုတဲ့စာလေးတွေအကြောင်း အရာလေးတွေကိုမှတ်ထားခြင်းဖြစ်ပါတယ်။ အခြေခံခိုင်ခိုင် မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီး တစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့သိမ်းထားတာပါ။

Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….

Core i series Architecture

Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..

Core i series code name

Core i series code name များမှာ

1.Gulftown,

2.Bloomfield,

3.Lynnfield,

4.Clarkfield,

5.Clarkdale,

6.Arrandale,

7.Sandy bridge(Desktop),

8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။

Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ

Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်

1.core အရေ အတွက်ပါဝင်မှု

2.Thread အရေအတွက်

3.Cache ပါဝင်မှု ပမာဏ

4. Turbo Boost Technology

5. Smart Cache

6. QPI

7.Hyper-threading technology

1.Core အရေအတွက်

Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..

2.Thread အရေအတွက်

Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..

3.Cache ပါဝင်မှု ပမာဏ

Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)

4. Turbo Boost Technology

Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..

5. Smart Cache

Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..

6. QPI (Quick Parth Interconnect)

QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..

7.Hyper-threading technology

Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...

Nehalem microarchitecture based

Core i3

ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5

Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..

Core i 7

Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..

Sandy Bridge microarchitecture based

Core i3

Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..

Core i5

ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..

Core i7

ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..

အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်

1 comment: