Saturday, October 20, 2012

ATA,IDE နဲ့  EIDE အကြောင်း


ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

ATA ဆိုတာ Advanced Technology Attachment ရဲ့ အတိုကောက်ဖြစ်ပါတယ်..သူက နည်းပညာ ရဲ့  standard တစ်ခု ဖြစ်ပါတယ် ဘယ်လိုမျိုး standard လဲဆိုတော့ hard disk နဲ့  motherboard အကြား Data တွေကို သယ်ဆောင်ပေးဖို့ အတွက်ပြုလုပ် ထားတဲ့ ribbon cable ရဲ့  standard ပေါ့..၂၀ ရာစု မှာပေါ်ခဲ့ကြတဲ့ hard disk တွေဟာ motherboard နဲ့ ဆက်သွယ်ဖို့  အတွက် data bus လမ်းကြောင်းကို IDE cable ကိုအသုံးပြုခဲ့ကြပါတယ်.. စစချင်း ထုတ်တုန်းကတော့ hard disk နဲ့ ချိတ်ဆက်ဖို့ အတွက်ရည်ရွယ်ခဲ့ပြီး နောက်ပိုင်းမှာ CDROM,DVD ROM , SCSI device တွေကိုပါ တွဲသုံးဖို့ ဖြစ်လာပါတယ်..ATA packet interface အဖြစ်အသုံးပြုသောကြာင့် ATAPI လို့ လည်းခေါ်ပါတယ်..

IDE - Integrated Drive Electronics(ATA-1)
IDE ဆိုတာ Integrated Drive Electronic ရဲ့ အတိုကောက်ဖြစ်ပါတယ်..1994 ခုနှစ်က ထုတ်လုပ်ပါတယ် ATA ထဲမှာတော့အစောဆုံး နည်းပညာဖြစ်ပါတယ်..ATA-1 လို့  လည်း ခေါ်ပါတယ်..ATA-1 မှာအသုံးပြုတဲ့ transfer modeက PIO mode ဖြစ်ပြီး mode 0 နဲ့  mode 1 ကို support လုပ်ပါတယ်.. တစ်စက္ကန့်  မှာသယ်ဆောင် နိုင်တဲ့ transfer rate က 8Mbps(million bit per second) ဖြစ်ပါတယ်..
EIDE - Enhanced IDE(ATA-2)
1996 ခုနှစ်ကျတော့ Enhanced IDE ဆိုပြီးပေါ်လာပါတယ် EIDE Enhanced IDE ကို ATA-2 လို့ ခေါ်သလို fast ATA လို့ လည်းခေါ်ပါသေးတယ်..16Mbps ထိ transfer rate လုပ်နိုင် ပါတယ်..IDE မှာတုန်းက PIO mode နဲ့ run နေတာ mode 0 mode 1 သာ support လုပ်ပြီး EIDE မှာတော့ PIO mode 3 mode 4 ကို support လုပ်ပါတယ် PIO mode (Programable Input Output)က data တွေကို သယ်ဆောင်တဲ့ အခါ transfer rate လုပ်တဲ့ နည်းပညာ ဖြစ်ပါ တယ်..
ATA-3
1997 မှာ ATA-3 ကိုထုတ်ပါတယ် သူ့ မှာ ဘာပြောင်းလဲလာသလဲဆိုတော့ Improved Reliability , SMART နဲ့  security feature တွေပါဝင်လာပါတယ်…
ATA-4
1988 မှာ ATA-4 ကို ထုတ်လုပ်ပါတယ်…PIO mode အစား Ultra ATA/33 ကိုသုံးစွဲလာပါတယ်… Ultra DMA လို့ လည်းခေါ်ပါတယ်..33Mbps ထိ transfer လုပ်နိုင်ပါတယ်..နောက်သူ့ ကို ATAPI 4 လို့ လည်းခေါ်ပါတယ်..
ATA-5
ATA-5 ကို 2000 ခုနှစ်မှာ ထုတ်လိုက်ပြီး၎င်းကို Ultra ATA/66 လို့ လဲခေါ်တယ် 66Mbps အထိ transfer လုပ်နိုင်ပါတယ်..ယခင်က ribbon cable ကြိုးကို 40wire သုံးစွဲရာကနေ 80 wire သုံးစွဲလာပါတယ် ဒီလို 80 wire သုံးစွဲခြင်းအားဖြင့် crosstalk ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်..
ATA-6
2001 ခုနှစ်မှာ Ultra ATA-100 ထုတ်လုပ်ပြီး transfer speeds ကတော့ 100Mbps ထိုရလာပါတယ်..
ATA-7
2002 မှာ ATA-7 ကိုထုတ်ပါတယ် သူ့ ကို Ultra ATA-133 လို့ ခေါ်ပါတယ် data transfer speed က 133Mbps ထိရပါတယ်...ATA-7 ဟာ ATA-6 ကို backward compatable ဖြစ်ပါတယ်.. မကြာမှီမှာပဲ SATA ကို 2002 ခုနှစ်ကုန်ပိုင်းမှာထုတ်လာတဲ့အတွက် ရှေ့ ကထုတ်ခဲ့တဲ့ Ultra ATA-100 တို့  Ultra ATA-133 တို့ ကို PATA လို့ ခေါ်ခဲ့ကြပါတယ်…ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ EIDE drive ကို IDE drive လို့ အလွယ် ခေါ်ကြသလို PATA Drive လို့ လည်းခေါ်ကြပါတယ်..

SATA ဆိုတာဘာလဲ?


SATA ဆိုတာဘာလဲ
Serial Advanced Technology Attachment ဖြစ်ပါတယ်..နောက်ဆုံးပေါ် လက်ရှိအသုံးပြုနေကြတဲ့ နည်းပညာဖြစ်ပါတယ် သူကလည်း ATA အုပ်စုဝင်တွေ ဖြစ်ပါတယ်..transfer rate မြန်ဆန်ခြင်း..wire ကို 7 Pin သာသုံးထားခြင်းကြောင့် air flow ကောင်းမွန်ခြင်း system unit အတွင်း ရှုပ်ထွေးမှုကို ကင်းဝေးစေခြင်းတို့ အားသာပါတယ်…hard disk တစ်လုံးပဲချိတ်ဆက်လို့ ရတဲ့အတွက် point to point system ဖြစ်ပါတယ်…2002 နှစ်ကုန်ပိုင်းမှာ စပြီးအသုံးပြုခဲ့ကြပါတယ်..စက်ကို shut down လုပ်စရာမလိုပဲ ဖြုတ်တပ်လုပ်နိုင်ပါတယ်..hot swap ရတယ်ပေါ့ ဗျာ..SATA ကြိုးကို လေ့လာကြည့်မယ်ဆိုရင် connector ခေါင်း က L shape ပုံသဏ္ဍန် ရှိပါတယ်..SATA port ကို မှားထိုးစရာအကြောင်းမရှိပါဘူး..SATA ရဲ့ စနစ်မှာ jumper မလိုပါဘူး..SATA data transfer rate က သုံးမျိုးရှိပါတယ် …
SATA 1.5 Gbps
SATA ll 3 Gbps
SATA lll 6 Gbps တို့ဖြစ်ပါတယ် ။
မိမိစက်က Hard disk က SATA လား..SATA I လား SATA II လား SATA III လားဆိုတာ speccy software နဲ့ ကြည့်နိုင်ပါတယ်…
SATA နဲ့ PATA ဘာကွာလဲ

SATA
1.Point to point system ဖြစ်ပါတယ်..(ဒါကြောင့် Hard disk or CD ROM တစ်လုံးပဲတပ်လို့ ရပါတယ်)
2.Hot swap ရပါတယ်..ကွန်ပျူတာကို shut down လုပ်စရာမလိုဘူး..
3.Pin က 7 wire ပဲသုံးထားတယ်..
4.Air flow ကောင်းမွန်ပါတယ်..
5. Transfer rate သုံးမျိုး ရှိပါတယ်..(အထက်တွင်ဖော်ပြပြီး)
6.System unit အတွင်းကြိုးတွေရှုပ်ထွေးမှုမရှိပဲရှင်းရှင်းလင်းလင်း ဖြစ်စေတယ်..
7.jumper ချိုးစရာမလိုခြင်း..

PATA(EIDE Drive)
1.EIDE connector မှာ connector သုံးခုပါရှိတယ်..motherboard ကို connector တစ်ခုသွားပြီး ကျန်နဲ့  master နဲ့  slave မှာ drive နှစ်လုံးတပ်ဆင်နိုင်တယ်..
2.Hot swap မရဘူး..ကွန်ပျူတာကို စက်ပိတ်ပြီးမှ လုပ်ဆောင်နိုင်တယ်..
3.Pin က 40pin 80 wire သုံးထားတယ်…
4.40 pin 80 wire သုံးထားတဲ့အတွက်ကြောင့် Airflow အားနည်းပါတယ်..
5.Transfer rate က အမြင့်ဆုံး 133Mbps ရှိပါတယ်
6.IDE cable ကြိုးပြားကြီးပါတယ်..
7.Master /slave ခွဲပေးရပါတယ်..

USB-Universal Serial Bus အကြောင်း


USB-Universal Serial Bus အကြောင်း
USB ဆိုတာ ပစ္စည်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ မြန်နှုန်းမြင့် ဒေတာသယ်ဆောင်မှုကို ဆက်သွယ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်..usb ကိုအသုံးပြုတာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်..printer ,scanner ,Camera , keyboard , mouse,usb hubs စတဲ့ device တွေအားလုံးကို ချိတ်ဆက်နိုင်တဲ့အတွက် universal serial bus လို့ ခေါ်ပါတယ်.. usb device တွေဟာ host တစ်ခုမှာ အရေအတွက် 127 ခုထိ ချိတ်ဆက်လို့ ရပါတယ်.. .USB connector မှာ အသုံးပြုထားတဲ့ ခေါင်းက flat connector ဖြစ်ပြီး wire အားဖြင့် 4 wire ပါရှိပါတယ်..အဲထဲကမှ နှစ်ပင်ကတော့ +5 v နဲ့  ground ဖြစ်ပြီးတော့ ကျန်တဲ့ နှစ်ပင်ကတော့ data ကို transfer လုပ်ပါတယ်..ကနဦးပေါ် ထွက်လာကတည်းက ခုလက်ရှိအချိန်ထိ USB version လေး မျိုးရှိပါတယ်.
အဲဒါကတော့ USB 1.0,USB 1.1,USB 2.0,USB3.0 ဖြစ်ပါတယ်..
USB 1.0
USB 1.0 တွေဟာ ပထမဆုံး ထုတ်လုပ်မှုဖြစ်ပြီး အမြင့်ဆုံး transfer rate က 1.5Mbps ပဲရှိပါတယ်....အဲဒီတုန်းက keyboard,mouse ,joystick လောက်ပဲ အသုံးပြုခဲ့ကြပါတယ်..
USB 1.1
နောက်ထပ် USB 1.1 ပေါ်လာပါတယ်..transfer rate 12Mbps ရှိပြီး USB 1.0 ထက် ၈ဆ လောက်ပိုမြန်ပါ တယ်..ဒါအပြင် USB hubs အားလုံးမှာ support လုပ်ပါတယ်.. သူ့ ခေတ်သူ့  အခါနဲ့ တော့ အမြင့်ဆုံးလို့ တောင်ပြောလို့ ရပါတယ်
USB 2.0
2001 ခုနှစ်မှာ USB 2.0 ပေါ်လာပါတယ်..USB 2.0 ကတော့လက်ရှိတော်တော်များများ အသုံးပြုနေကြတဲ့ memory stick အပါအ၀င် cable standard တွေရော ဟာ USB 2.0 တွေဖြစ်ပါတယ်..အမြင့်ဆုံး transfer rate က 480Mbps ရှိပါတယ်..
USB 3.0
2008 ခု August လမှာ USB 3.0 ကို စတင်ပြီး Release လုပ်နိုင်ခဲ့ပါတယ် အခုဈေးကွက် အတွင်းကို USB 3.0 ရောက်ရှိနေပါပြီ.. သုံးလဲသုံးနေကြပါပြီ..transfer rate ကတော့ 4.8Gbps ရှိပါတယ်..အောက်က ဇယားမှာ USB 1.0, USB 2.0 ,USB 3.0 တို့ ကို ဖိုင် transfer လုပ်ရာမှာ အချိန်ကွာခြားပုံကိုဖော်ပြထားပါတယ်..


USB connector တွေဟာ မတူညီပဲကွဲပြားမှုတွေရှိပါသေးတယ်..ဒါတွေကလည်း မတူညီတဲ့ device တွေကြောင့် မတူညီတဲ့ connector ခေါင်းတွေ ပြုလုပ်ကြရတာဖြစ်ပါတယ်..

Connector အမျိုးအစား
Type A
Type A connector ဟာ common connector ဖြစ်ပြီး computer တွေမှာပါတဲ့ USB port ဟာ Type A connector တွေဖြစ်ပါတယ်..
Type B
Type B connector ကိုအများအားဖြင့် printer မှာသုံးလေ့ရှိပါတယ်..
Mini USB
Mini USB ကို တော်တော်များများတွေ့ ဖူးမှာပါ သူက digital camera နဲ့  mobile device တွေမှာ အသုံးပြု တယ်လေ..
Micro USB
Mini USB နဲ့ တူတူပါပဲ ဒါပေမဲ့ micro USB ကခေါင်းပိုသေးသွားတယ် compact ဖြစ်တဲ့ camera နဲ့  compact ဖြစ်တဲ့ mobile device တွေမှာအသုံးပြုပါတယ်..

External Harddisk မှာ folder တွေ shortcut အဖြစ်ပြောင်းကုန်ပါက

 Step-1
1. Autorun Exterminator ကို အောက်မှာ အရင်ဒေါင်းလုပ်ချလိုက်ပါ။

http://en.kioskea.net/download/download-11613-autorun-exterminator
2. ပြီးတာနဲ့ Autorun Exterminator ကို Double click ပေးလိုက်ပါ။ ( မိမိ External hard Disk ကို ကွန်ပျူတာမှ တပ်ထားရပါမည်။ ) Double click ဖွင့်ပြီးတာနဲ့ Open Log ကို click ပေးတာနဲ့ သူက Autorun.inf ကို တွေ့တာနဲ့ Remove လုပ်ပေးပါလိမ့်မည်။

Step-2

1. Start >> Run >> cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
2. အောက်က command ကို ရိုက်ပြီး Enter ခေါက်ပါ။ (မှတ်ချက် g သည် မိမိ ရဲ့ External Hard Disk ရဲ့ Drive letter ဖြစ်ပါသည်။ မိမိစက်ပေါ်မှာ မှုတည်ပြီ ပြောင်းလဲ ထည့်ပါ။ ) command မှားမည်ဆိုက copy ကူးပြီ paste လုပ်ပါ။ မိမိ External ရဲ့ Drive letter ကိုဘဲ ချိန်းပါ။ )

attrib -h -r -s /s /d g:\*.*

Step -3

1. အောက်က ဆိုဒ်မှာ Download ချပါ။

http://en.kioskea.net/download/download-105-malwarebytes-anti-malware

2. ပြီးတာနဲ့ update it >> Perform “ Full Scan “ လုပ်ပါ။

ကွန်ပျူတာ Bus အကြောင်း

 

Bus ဆိုတာ
Bus ဆိုတာ computing device တွေမှာ ဆယ်သွယ်ပေးတဲ့ လမ်းကြောင်း (connection ပေါ့)သူ့ ကို electronic partway လို လည်းခေါ်ကြသလို group of wire လို့ လည်းခေါ်ပါတယ်..အဲဒီ wire တွေက ဘာကိုသယ်ဆောင်မှာလဲ data တွေကို သယ်ဆောင်မယ်..တကယ်လို့ ကျွန်တော် တို့ ဟာ hardware device နှစ်ခုကို လမ်းကြောင်းတစ်ခုတည်းမှာဆက်သွယ်မယ်ဆိုရင် communication port တွေရှိရပါတယ် အဲဒါ hardware port တွေဖြစ်ပါတယ်..hardware port မှာ serial port ဒါမှမဟုတ် parallel port ရှိမယ်…

သယ်ဆောင်နိုင်တဲ့ ပမာဏ
Bus တွေဟာ တစ်ကြိမ်မှာ ဘယ်လောက်သယ်နိုင်သလဲဆိုတာ လမ်းအကျယ်ပေါ်မှာ မူတည်တယ် ..အဲဒီအကျယ်ကို width လို့ ခေါ်ပါတယ်..bus width ပေါ့ bus width ဟာ 16 wire ရှိရင် တစ်ကြိမ်မှာ16bit သယ်နိုင်မယ် 32 wire ရှိရင် 32bit သယ်နိုင်မယ်..

Frequency(MHz)
Frequency ကို Hz နဲ့ တိုင်းတာပါတယ်..တစ်စက္ကန့် တိုင်းမှာ frequency ခုန်နှုန်းဟာ မြောက်များစွာဖြစ်နိုင်တယ်..ကွန်ပျူတာ မှာတော့ frequency မြန်နှုန်းကို MHz သို့ GHz နဲ့  တိုင်းတာလေ့ရှိပါတယ်..

Transfer speed
Computer တစ်လုံးမှာ Transfer speed ကအရေးပါပါတယ် တစ်စက္ကန့် မှာ ဘယ်လောက် မြန်နှုန်းနဲ့ ဒေတာ တွေကို သယ်ဆောင်နေသလဲဆိုတာ တွက်ထုတ်ရပါတယ် တစ်က္ကန့် မှာ frequency အရေအတွက် 133MHz ရှိမယ်ပေါ့ဗျာ..တစ်စက္ကန့် မှာ သယ်ဆောင်နိုင်တဲ့ data bit က16bit ဆိုပါတော့ …ဒီတော့ 133MHz နဲ့ 16 ကိုမြောက်လိုက်ရင် 2128 *10^6 bit/s ရမယ်..kilobyte,megabyte အောက်ပါအတိုင်းဖွဲ့ လိုက်မယ်…(1byte =8bit)
16 * 133.106 = 2128*106 bit/s,
or 2128*106/8 = 266*106 bytes/s
or 266*106 /1000 = 266*103 KB/s
or 259.7*103 /1000 = 266 MB/s
megabyte ဖွဲ့ လိုက်တဲ့အခါ 266MB/s ရပါတယ်..

Primary bus
ယေဘုယျအားဖြင့် computer မှာ internal bus ရှိမယ် expansion bus ရှိမယ်..internal bus ကို front side bus လို့ ခေါ်ပြီး FSB bus လို့ လည်းခေါ်ပါတယ်..processor နဲ့ memory ကြားမှာ လုပ်ဆောင်ပါတယ်..expansion bus ကိုကျတော့ input/output bus (I/O bus)လို့  လည်းခေါ်ပါတယ်..motherboard ပေါ်က component တွေ ဖြစ်ကြတဲ့ usb,serial port , parallel port,PCI connector,hard drives, CD-ROM,CD-RW Drives တွေပါဝင်ပါတယ်..
North Bridge and South Bridge bus
North Bridge ကို memory controller လို့ ခေါ်ပြီး processor နဲ့ memory ကြားမှာ အလုပ်လုပ်ပါတယ်..ဒီလို processor ,north bridge,RAM ကြားမှာ ဆက်သွယ်ထားတဲ့ bus ကိုတော့ FSB bus လို့ ခေါ်ပါတယ်..ပြီးတော့ north bridge ရဲ့  bus က south bridge bus နဲ့  ဆက်သွယ်ထားပါတယ်..south bridge ကတော့ input/output controller ဒါမှမဟုတ် expansion controller လို့ လည်းခေါ်ပါတယ်..south bridge ကတော့ bus ကနေ ISA ,USB,IDE,SATA တို့ ကိုထိန်းချူပ်ပါတယ်..


The PCI Express Bus
PCI ဆိုတာ Peripheral Component Interconnect Express ဖြစ်ပါတယ်..PCI-E လို့ လည်း အတိုကောက်ရေးကြပါတယ်..တစ်ခါတရံ 3GIO(3rd generation input/output) လို့ လည်းရေးပါတယ်.. သူက ကွန်ပျူတာမှာ expansion board အနေနဲ့ လာစိုက်တဲ့ Card တွေအတွက် ပေါင်းကူးပေးမဲ့  တံတားဖြစ်ပါတယ်..မိမိကွန်ပျူတာမှာ graphic card စိုက်ချင်တယ် Lan card စိုက်ချင်တယ်ဆိုရင် ဒီ device တွေနဲ့  controller chip တွေအကြားမှာ PCI-E bus ကဆောင်ရွက်ပေးပါတယ်..PCI Express ဟာ 2002 July မှာ စပြီး အသုံးပြုပါတယ်..

Characteristics of the PCI Express Bus
PCI Express bus ဟာ version အမျိုးမျိုးနဲ့ လာပါတယ်.. 1X, 2X, 4X, 8X, 12X, 16X and 32X ဆိုပြီးတော့ရှိပါတယ်..အဲဒီထဲကမှ AGP အသုံးပြုတဲ့ Version ကတော့ 8X ဖြစ်ပါတယ်..
PCI Express 1X connector ကတော့ 36 pins ရှိပြီး I/O(input/output)high-bandwidth အတွက် အသုံးပြုပါတယ်..

PCI Express 4x connector ကတော့ 64 pins ရှိပြီး Server board တွေအတွက် ဖြစ်ပါတယ်..

PCI Express 8x connector ကတော့ 98 pins ရှိပြီး Server board တွေအတွက် ဖြစ်ပါတယ်..

PCI Express 16x connector ကတော့ 164 pins ရှိပြီး graphic card စိုက်ဖို့ အတွက်ဖြစ်ပါတယ်..

PCI-X
PCI-X ဆိုတာ PCI extended ဖြစ်ပါတယ် ကွန်ပျူတာ bus (သို့ ) expansion card ဖြစ်ပါတယ်..extended ဆိုတဲ့အတိုင်း PCI ကို ထပ်ပြီးတော့ high bandwidth နဲ့ လုပ်ဆောင်စေဖို့ ပြုလုပ်ထားတာဖြစ်ပါတယ်..PCI မှာတုန်းက Bandwidth က 133MHz နဲ့  ပဲအလုပ်လုပ်ပါတယ်.. PCI-x မှာကျတော့ 266MHz ,533MHz တွေနဲ့ အလုပ်လုပ်ပါတယ်..PCI-x မှာလဲပဲ version PCI-x 1.0, PCI-x 2.0 ရှိပါတယ်..PCI-X 1.0 တွေဆိုရင်အများဆုံး 133MHz ဖြစ်ပြီး 32bit နဲ့  အလုပ် လုပ်ပါတယ်.. PCI-x 2.0 မှာဆိုရင် 266 MHz 64bit နဲ့ 533MHz 64 bit ဆိုပြီးရှိပါတယ်..

XP Talk တစ်ခု ဖန်တီးခြင်း

notepad နဲ့ XP Talk တစ်ခု ဖန်တီးတဲ့နည်းဖြစ်ပါတယ်။ Vb Script လေးလုပ်ပြီ အင်္ဂလိပ်လို ရိုက်ပြီ OK ပေးကြည့်လိုက်ရင် အသံထွက်လေးကို နာထောင်းလို့ ရအောင် ပြုလုပ်တဲ့ နည်းဖြစ်ပါတယ်။ မိမိတို့ ကြိုက်တဲ့ စာလုံးရိုက်လိုက်ပါ။ အသံထွက်ပေးပါလိမ့်မယ်။ အသံထွက်သိချင်ရင် သုံးကြည့်ပါ။ လုပ်နည်းကလဲမခတ်ပါဘူး။

1. Notepad ကိုဖွင့်လိုက်ပါ။ ( Run box ထဲမှာ notepad လို့ ရိုက်ပြီ Enter ခေါက်လိုက်ပါ။ )
2. အောက်က စာကြောင်းလေးကို copy ကူပြီ paste လုပ်လိုက်ပါ။

Dim msg, sapi
msg=InputBox("Enter your text","Talk it")
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg

3. ပြီရင် xp talk.vbs လို့ ရေးပြီ Desktop ပေါ်မှာ save လိုက်ပါ။

4. ပြီရင် မိမိတို့ ပြလုပ်ခဲ့တဲ့ XP talk လေးကို open လိုက်ပါ။ အောက်ပါအတိုင်းကျလာပါမည်။ မိမိအသံထွက်သိချင်တာတွေ ရိုက်ပြီ ok ပေးလိုက်ပါ။ အသံထွက်ကို ထွက်ပေးပါလိမ်မယ်။

Computer connector များအကြောင်း


အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..

Motherboard ပေါ်ရှိ Switch panel


Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)


RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..